မက္ကဆီကိုသမ္မတက ပြည်တွင်းရေး၌ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ပယ်ချ
မက္ကဆီကိုစီးတီး စက်တင်ဘာ ၂၈
မက္ကဆီကိုသမ္မတ ကလော်ဒီယာ
ရှိန်းဘွမ်သည် နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများ၌ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီးရှိ
ဇိုကာလိုရင်ပြင်၌ နိုင်ငံတစ်ဝန်း တာဝန်ခံမှုနှင့် အစိုးရလုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြသည့်
အခမ်းအနားအဖြစ် ပြုလုပ်သည့် လူထုစုဝေးပွဲတွင် ထောက်ခံသူ ထောင်ပေါင်းများစွာရှေ့၌ ရှိန်းဘွမ်က
ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားအင်အားစုတစ်ခုခုဖြစ်စေ၊ စီးပွားရေး သို့မဟုတ် နိုင်ငံရေးအထက်တန်းလွှာဖြစ်စေ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေနှင့် အနာဂတ်ကို သတ်မှတ်ပေးပိုင်ခွင့်မရှိကြောင်း၊ ယင်းအခွင့်အရေးသည် မက္ကဆီကိုပြည်သူများ၏ လက်ထဲ၌သာရှိကြောင်း ရှိန်းဘွမ်က ပြောကြားခဲ့သည်။
ဆင်ဟွာ

No comments