ကွန်ဂို၌ အီဘိုလာ အတည်ပြုလူနာ ၈၀၀၀ ကျော်ရှိလာ
ကင်ရှာဆာ စက်တင်ဘာ ၂၈
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)၌ အီဘိုလာရောဂါ အတည်ပြုလူနာ
၈၀၀၀ ကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း
နိုင်ငံ၏ ကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO)ကလည်း လက်ရှိအီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှုသည် အတိုင်းအတာတစ်ခုအထိ
ကြီးမားနေဆဲဖြစ်ပြီး ဒေသအများအပြားသို့
ပျံ့နှံ့လာသည့်အပြင် ရောဂါကူးစက်မှုများလည်း ဆက်လက်ဖြစ်ပွားနေကြောင်း
သတိပေးထားသည်။
ဆင်ဟွာ

No comments