ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးကောလိပ် ဝင်ခွင့်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး



ပုသိမ် စက်တင်ဘာ ၆


ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် AGTI ဒီပလိုမာသင်တန်း ဝင်ခွင့် စာမေးပွဲကို စက်တင်ဘာ ၅ ရက် က ပုသိမ်မြို့ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းတွင် စတင်ကျင်းပရာ တိုင်းဒေသကြီး ကျောင်းသား ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမင်းဦးနှင့် အဖွဲ့ဝင်များက သွားရောက်စစ်ဆေးသည်။


အဆိုပါ ဝင်ခွင့်စာမေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၈ ခုမှ ကျောင်းသား ကျောင်းသူ ၈၀ လျှောက်ထား ဖြေဆို လျက်ရှိကြောင်းနှင့် ပညာရေးဘွဲ့ ငါးနှစ်သင်တန်းအတွက် ၁၇ ဦး၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် AGTI ဒီပလိုမာ သင်တန်းများအတွက် ၆၃ ဦး ဖြစ်ပြီး ယခု စာမေးပွဲတွင် ရွေးချယ်ခံရသူများသည် နယ်စပ် ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားသော တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ်များ၌ နိုင်ငံတော်စရိတ် နေထိုင်စားသောက် အခမဲ့စနစ်ဖြင့် ပညာသင်ကြားခွင့်ရရှိမည့် အပြင် ဘွဲ့၊ ဒီပလိုမာများရရှိပါက နိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာန အသီးသီးတွင် အလုပ်အကိုင်များ တစ်ပါတည်း ခန့်အပ်ခြင်းခံရမည် ဖြစ်ကြောင်း သိရသည်။


ကျော်ဟိန်း(ပြန်/ဆက်)

No comments

Powered by Blogger.