စံပြ-နန်းဇလူ ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးမှုနှင့် မိုးစပါးစိုက်ခင်း ကြည့်ရှုစစ်ဆေး

 


မုံရွာ စက်တင်ဘာ ၆

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကလေးခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် စံပြ-နန်းဇလူ ကွန်ကရစ် လမ်း ခင်းကျင်းပြီးစီးပြီဖြစ်သည်။

 

ကြည့်ရှုစစ်ဆေး

အဆိုပါလမ်းပြီးစီးမှုကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

အဆိုပါခရီးစဉ်အတွင်း ကလေးမြို့နယ် နန်းဇလူကျေးရွာ တောင်သူ ဦးမောင်ခင်၏ ဧရာမင်း မိုးစပါးစိုက်ခင်းအတွင်း ကျင်းပသည့် မိုးစပါးအထွက်နှုန်းတိုးတက်ရေးအတွက် သမန်းနှိုးခြင်း၊ မြေဩဇာ ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို တက်ရောက် ကြည့်ရှုအားပေးပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးကာ ဒေသခံတောင်သူများထံ သဘာဝ ပိုးသတ်ဆေးများနှင့် ရွက်ဖျန်းဓာတ်မြေဩဇာများ ပေးအပ်သည်။

 

ထို့အတူ ကလေးမြို့ မြို့သာရပ်ကွက်ရှိ တစ်ရက်လျှင် တန် ၃၀ ကြိတ်ခွဲ ထုတ်လုပ်နေသည့် “မိသားစု ဆန်စက်တွင် ဆန်များ ကြိတ်ခွဲထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများနှင့် ကုန်ကြမ်းများ သိုလှောင် ထားရှိမှုကို လည်းကောင်း၊ ကလေး - ကျီကုန်း - ကလေးဝ ကားလမ်းဘေး ချမ်းမြေ့အောင်စည်ရပ်ကွက်၌ မိုးစပါးစိုက်ခင်း ရေကြီးနစ်မြုပ်မှုအပေါ် ပြန်လည် ကုစားခြင်းအတွက် ဂျစ်ပဆမ်နှင့်တီဆူပါ မြေဩဇာ ကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲသို့ လည်းကောင်း၊ အမှတ်(၁၀) တပ်မတော်ဆေးရုံ ခုတင်(၁၀၀) တွင် လူနာများအား ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.