ရမည်းသင်းမြို့နယ်၌ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်

 


ရမည်းသင်း စက်တင်ဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးမှ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းဖြင့် ဖွင့်လှစ်သော ဆီးသီး၊ မန်ကျည်းသီးနှင့် ငရုတ်သီး အခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို စက်တင်ဘာ ၂၄ ရက်က ကံသာအေးကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးချစ်က အမှာစကားပြောကြားပြီး ခရိုင်အ​သေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထိုက်တန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.