သင်္ဃန်းကျွန်းမြို့နယ်၌ ပြည်သူ့စကားဝိုင်း ကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်
ကြီးပွားရေးရပ်ကွက် ရတနာသိဒ္ဓိနှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ပြည်သူ့အကျိုးပြု ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို
ယမန်နေ့က ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
သင်္ဃန်းကျွန်း ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်များကိုသက်ဆိုင်ရာ
ကဏ္ဍအလိုက် ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments