အင်းစိန်မြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် 1 NESS International School တို့ ပူးပေါင်းကာ
လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်မြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပသည်။
အမှာစကားပြောကြား
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး
ဦးနေမင်းထွန်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းတွင် အင်းစိန်ခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊
1 NESS International School မှ ဒေါ်ဂျူလိုင်မိုးမြင့်က တွဲဖက်ဦးဆောင်ဆွေးနွေးသူ အဖြစ်လည်းကောင်း
ဆောင်ရွက်ပြီး ကျောင်းသား ကျောင်းသူ ခြောက်ဦးတို့က လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်
ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် စာပေ၊ လူငယ်နှင့်အားကစား
စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)

No comments