လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ ရေနစ်မြုပ်လျက်ရှိသော ကျေးလက်လမ်း/တံတားများ ကြည့်ရှုစစ်ဆေး
ဟင်္သာတ စက်တင်ဘာ ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်နှင့် ဟင်္သာတမြို့နယ်တို့ရှိ
ရေနစ်မြုပ်လျက်ရှိသော ကျေးလက်လမ်း/တံတားများကို စက်တင်ဘာ ၂၁ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးသည်
ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဟင်္သာတခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့နှင့်အတူ
ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် လေးမျက်နှာမြို့နယ်နှင့်
ဟင်္သာတမြို့နယ်တို့ရှိ ရေနစ်မြုပ်လျက်ရှိသော ကျေးလက်လမ်း/ တံတားများကို ကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments