အုတ်တွင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးခြင်းနှင့်UID ကောက်ယူမှတ်ပုံတင်ခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိ
အုတ်တွင်း စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန အုတ်တွင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်
ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ထုတ်ပေးခြင်းကို စက်တင်ဘာ
၂၃ ရက် နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အုတ်တွင်း) ပညာရတနာခန်းမ၌ ပြုလုပ်သည်။
ကြည့်ရှုအားပေး
ထိုသို့ပြုလုပ်ပေးရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ဦးနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ကျောင်းသား ကျောင်းသူ
၂၃၈ ဦးအား နေ့ချင်းပြီးဆောင်ရွက် ပေးလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးအဏ္ဏဝါအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)

No comments