တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ၌ ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲနိုင်ရေး အိမ်သာအဖုံးများ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

 


တပ်ကုန်း စက်တင်ဘာ ၂၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာ၌ အိမ်ခြေ ၃၀၀ စာအတွက် ယင်လုံအိမ်သာရာနှုန်း ပြည့်သုံးစွဲနိုင်ရေး အိမ်သာအဖုံး ပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

 

အသိပညာပေးဆွေးနွေး

ပေးအပ်ပွဲတွင် တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ နေပြည်တော် အမျိုးသမီးနှင့် ကလေးသူငယ် ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌတို့က အမှာစကားပြောကြားပြီး အသင်းမှ တာဝန်ရှိသည့်ဆရာဝန်များက ကျန်းမာရေးအသိပညာပေး ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ရေအေးကျေးရွာနေ ပြည်သူများ ယင်လုံအိမ်သာ ရာခိုင်နှုန်းပြည့် သုံးစွဲနိုင်ရေး နေပြည်တော် အမျိုးသမီးနှင့် ကလေးသူငယ် ဘဝမြှင့်တင်ရေးအသင်းမှ အိမ်ခြေ ၃၀၀ စာအတွက် ငွေကျပ် ၁၅ သိန်းတန်ဖိုးရှိ အိမ်သာအဖုံးများ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် အလှူရှင်များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်

No comments

Powered by Blogger.