ပဲရစ်အက်ဖ်စီအသင်းက မာဆေးလ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရ

 


မာဆေးလ်အသင်းနဲ့ ပဲရစ်အက်ဖ်စီအသင်းတို့ စက်တင်ဘာ ၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ပထမတန်းဖလားပွဲစဉ်မှာ ပဲရစ်အက်ဖ်စီအသင်းက မာဆေးလ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

 

အဲဒီပွဲစဉ်မှာ အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရတဲ့ မာဆေးလ်အသင်းက ဂူယီရီရဲ့သွင်းဂိုးနှစ်ဂိုးရရှိခဲ့ပြီး ပဲရစ်အက်ဖ်စီအသင်းအတွက် သွင်းဂိုးတွေကိုတော့ ဆီနာယိုကို တစ်ဦးတည်းကပဲ ပထမပိုင်းပွဲကစားချိန် တစ်မိနစ်၊ ၁၉ မိနစ်နဲ့ ဒုတိယပိုင်းပွဲကစားချိန် ၈၆ မိနစ်(ပင်နယ်တီ)တို့မှာ သွင်းဂိုး သုံးဂိုးစလုံး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ပဲရစ်အက်ဖ်စီအသင်းဟာ မာဆေးလ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်ပထမတန်းပွဲစဉ် (၃)ယှဉ်ပြိုင်ကစားပြီးချိန်မှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရမှတ်ခုနစ်မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးက မိုနာကို အသင်းနဲ့ နှစ်မှတ်အကွာ အမှတ်ပေးဇယားအဆင့် (၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ မာဆေးလ်အသင်းကတော့ ပဲရစ်အက်ဖ်စီအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ်(၃)အပြီးမှာ ပြင်သစ်ပထမတန်းဖလားပြိုင်ပွဲအမှတ်ပေးဇယားအဆင့်(၁၁)နေရာမှာရပ်တည်နေတာ ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.