ရန်ကင်းပညာရေးဒီဂရီကောလိပ်၌ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေး ထူးချွန်ဆုပေးအပ်
ရန်ကင်း စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ရန်ကင်းပညာရေးဒီဂရီ ကောလိပ်တွင် စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးရေး ထူးချွန်ဆုပေးအပ်ပွဲကို ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေး ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများအား ဆုများချီးမြှင့်သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ကျေးဇူးတင် စကားပြောကြားသည်။
အဆိုပါ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေး ထူးချွန်ဆုပေးအပ်ပွဲတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများက Fitness Dance အက၊ ပညာပေးဝေ ရန်ကင်းမြေသီချင်း၊ အလှဖြာဝေ ပူတာအိုမြေသီချင်း၊ Role play ( English) တင်ဆက်ခြင်း၊ ကျောင်းသား မောင်ဟိန်းသန့်က လုလင်ငယ်သွေး သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
လှလှထွေး(ပြန်/ဆက်)

No comments