ကမ္ဘာ့ခေါင်းဆောင်များ ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်

 


ဂျီနီဗာ  စက်တင်ဘာ  ၂၁

ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ၏ အဆင့်မြင့်ဆုံးဆွေးနွေးပွဲဖြစ်သောအထွေထွေမူဝါဒရေးရာ    မိန့်ခွန်း ပြောကြားမှုများကို စက်တင်ဘာ ၂၂ ရက်တွင်  စတင်ကျင်းပမည်ဖြစ်ပြီး  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျပန်ဝန်ကြီးချုပ်   တာကာအိချီ  ဆာနာအဲတို့က  ပထမဆုံးနေ့တွင် မိန့်ခွန်းပြောကြားရန်  စီစဉ်ထားရှိသည်။

စက်တင်ဘာ  ၂၃  ရက်နှင့် ၂၄ ရက်တွင် အခြားနိုင်ငံများမှ နိုင်ငံခေါင်းဆောင်များ မိန့်ခွန်းပြောကြားသွားမည်ဖြစ်သည်။

အန်တိုနီယို ဂူတာရက်စ်သည်  ကုလသမဂ္ဂကို  ၁၀ နှစ်ကြာ ဦးဆောင်ခဲ့ပြီးနောက် ရာထူးမှဆင်းပေးရမည်ဖြစ်သော ကြောင့် ၂၀၂၇ ခုနှစ် ဇန်နဝါရီ  ၁  ရက်တွင် စတင်တာဝန်ယူမည့် ခေါင်းဆောင်သစ်သည်  ၁၀  နှစ်တာကာလအတွင်း   ကုလသမဂ္ဂ၏  ပထမဆုံးသော အကြီးအကဲသစ်ဖြစ်လာမည်ဖြစ်သည်။

ကမ္ဘာ့ခေါင်းဆောင်များသည် လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ပဋိပက္ခများကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်းနှင့်  ရာသီဥတုပြောင်းလဲမှု၊ ဉာဏ်ရည်တု(AI)ကဲ့သို့သော ကိစ္စရပ်များတွင်  ကုလသမဂ္ဂ (UN) က ဦးဆောင်သည့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုအပေါ် မည်သည့်သဘောထားရပ်တည်ချက်များထားရှိမလဲဆိုသည်မှာ လက်ရှိ နိုင်ငံတကာရေးရာတွင် အဓိကအာရုံစိုက်စရာဖြစ်လာနေသည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.