ဗီယက်နမ်၌ ၂၀၃၅ ခုနှစ်မတိုင်မီ တက္ကသိုလ်နှစ်ခုကို ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၁၀၀ အတွင်း ဝင်ရောက်ရေး ရည်မှန်းလုပ်ဆောင်
ဟနွိုင်း စက်တင်ဘာ ၂၁
ဗီယက်နမ်နိုင်ငံသည်
၂၀၃၅ ခုနှစ်မတိုင်မီ အဆင့်မြင့်ပညာရေးအဖွဲ့အစည်း
၁၀ ခုကို အာရှ၏ ထိပ်တန်းပညာရေး အဖွဲ့အစည်း ၂၀၀ အတွင်း ဝင်ရောက်နိုင်ရေးနှင့် တက္ကသိုလ်နှစ်ခုကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀၀ အတွင်း ဝင်ရောက်နိုင်ရေး ရည်မှန်းလုပ်ဆောင်လျက်ရှိကြောင်း
ဗီယက်နမ်နယူးစ်အေဂျင်စီ၏ စက်တင်ဘာ ၂၁ ရက် ဖော်ပြချက်အရ သိရသည်။
ဗီယက်နမ်အစိုးရသည် ၂၀၂၆-၂၀၃၅ အဆင့်မြင့်ပညာ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို စက်တင်ဘာ ၁၈ ရက်တွင် အတည်ပြုဆုံးဖြတ်လိုက်ပြီး
ယင်းဆုံးဖြတ်ချက်တွင် အဆိုပါ ရည်မှန်းချက်ပန်းတိုင်ကို ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၃၅ ခုနှစ်မတိုင်မီ အဆင့်မြင့်ပညာရေး အဖွဲ့အစည်းများ
ရာနှုန်းပြည့် သတ်မှတ်ထား သည့် ပညာအရည်အချင်း စံချိန်စံညွှန်းများနှင့် ပြည့်မီကာ အသက် ၁၈ နှစ်မှ ၂၂ နှစ်ကြား လူငယ်လူရွယ် ၄၅ ရာခိုင်နှုန်း အထိ အဆင့်မြင့်ပညာရေးနယ်ပယ်များတွင် တက်ရောက်သင်ကြားနိုင်ရေး ရည်ရွယ်ထားသည်။
၂၀၄၅ ခုနှစ် အရောက်တွင် ဗီယက်နမ်နိုင်ငံ၏ ပညာရေးစနစ်သည် အာရှတွင် ထိပ်တန်းအဆင့်တစ်ခုသို့ ရောက်ရှိရန်၊ ထိပ်တန်းတက္ကသိုလ်အချို့သည်
ကမ္ဘာ့အဆင့်မီတက္ကသိုလ်အဖြစ် သတ်မှတ်ခံရသည်အထိ တိုးတက်လာစေရန်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာနယ်ပယ်အများအပြားတွင်
နိုင်ငံတကာနှင့် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်းရှိလာသည်အထိ
တိုးတက်လာစေရန် မျှော်မှန်းထားကြောင်း သိရသည်။
ဆင်ဟွာ

No comments