အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်၌ ရေယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၂ ဦးရှိလာ

 


ဂျကာတာ  စက်တင်ဘာ  ၂၁

အင်ဒိုနီးရှားနိုင်ငံ  ဂျာဗားပင်လယ် ၌  Virgo Transport  8 ရေယာဉ်တိမ်းမှောက်ပြီး နစ်မြုပ်သွားခြင်းကြောင့်  စက်တင်ဘာ  ၂၁   ရက် နံနက်ပိုင်းတွင် ရေငုပ်သမားများက  သေဆုံးသူနှစ်ဦးကို   ထပ်မံတွေ့ရှိသဖြင့် သေဆုံးသူ စုစုပေါင်းမှာ ၁၂ ဦးအထိတိုးလာကြောင်း အမျိုးသားရှာဖွေရေးနှင့်  ကယ်ဆယ်ရေးအေဂျင်စီက ထုတ်ပြန်ထားသည်။

သေဆုံးသူနှစ်ဦးမှာ  အမျိုးသားများဖြစ်ပြီး ရေယာဉ်အတွင်း၌ ၎င်းတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း အေဂျင်စီက ပြောကြားသည်။

ရေယာဉ်ပေါ်တွင်  လိုက်ပါသူ ၂၄၃ ဦးရှိသည့်အနက်  စုစုပေါင်း ၁၂၃ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး အခြား ၁၀၈ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

Virgo Transport 8 ရေယာဉ် သည် အရှေ့ဂျာဗားအတွင်း ဆူရာဘာယာမှ    ဘန်ဂျာမာဆင်သို့ စက်တင်ဘာ  ၁၃  ရက်က  သွားရောက်ခဲ့ရာ  ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က ပျောက်ဆုံးနေသူများကို ရှာဖွေရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အေဂျင်စီက ပြောကြား သည်။

ဆင်ဟွာ

No comments

Powered by Blogger.