အာဖဂန်၌ ကလေး ၁၂ ဒသမ ၇ သန်းကို ဦးတည်၍ ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှု စတင်လုပ်ဆောင်

 


ကဘူးလ်  စက်တင်ဘာ  ၂၁

အာဖဂန်နစ္စတန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပိုလီယိုဗိုင်းရပ်စ် ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန်  အသက်ငါးနှစ်အောက်   ကလေး  ၁၂  ဒသမ ၇ သန်းကျော်ကို ရည်ရွယ်၍  နိုင်ငံတစ်ဝန်း   ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရေးလှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ကာကွယ်ဆေးတိုက်ကျွေးရန် စီစဉ်ခဲ့သည့် ယင်းလှုပ်ရှားမှုကို နိုင်ငံ၏တောင်ပိုင်း ပြည်နယ်များတွင် စက်တင်ဘာ ၂၅ ရက်အထိ တိုးချဲ့လိုက်ပြီး ‌ရောဂါဖြစ်ပွားမှု လျော့နည်းစေရန်   ကြိုးပမ်းမှု၏  တစ်စိတ်တစ်ပိုင်းအဖြစ် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက  ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရှာရာဖက်ဇာမန် အမီယာခေးဟ်က ယင်းလှုပ်ရှားမှုအောင်မြင်မှုရရှိရန် ကျန်းမာရေးလုပ်သားများနှင့်အတူ အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် မိဘများအား တိုက်တွန်းထားသည်။  

ဆင်ဟွာ

No comments

Powered by Blogger.