၄၀ ကီလိုမီတာ ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲ ကျင်းပ
နေပြည်တော် စက်တင်ဘာ ၆
မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏
FEI 1* Endurance Qulification 40 km (၄၀ ကီလိုမီတာ) ခရီးရှည် မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ ကျင်းပသည်။
ပြိုင်ပွဲကျင်းပရာတွင် ၄၀ ကီလိုမီတာ ခရီးရှည်မြင်းစီးအားကစား
အရည်အချင်းစစ်ပြိုင်ပွဲကို မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးညီညီက Flag-off အလံလွှင့်ခြင်းနှင့် မြင်းစီး
အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ခေါင်းလောင်းတီးခြင်းတို့ဖြင့် တစ်ပြိုင်တည်းတာလွှတ်၍
ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။
အဆိုပါပြိုင်ပွဲကို
ပြိုင်ပွဲဝင်အားကစားသမားရှစ်ဦးနှင့် မြင်းရှစ်ကောင် စုစုပေါင်းပြိုင်ပွဲဝင်အတွဲ ရှစ်တွဲယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် အားကစားသမားများနှင့်
မြင်းများက သတ်မှတ်ထားသော Water Point နေရာသို့ရောက်ရှိသည့်အခါ
မြင်းများအား ရေလောင်းပေးခြင်း/ရေတိုက်ခြင်း၊ ပထမလမ်းပိုင်း ၂၀
ကီလိုမီတာအတွက် ပြိုင်ပွဲကွင်းနေရာသို့ ပြန်လည်ရောက်ရှိသတင်းပို့ခြင်း၊ မြင်းများအား
ရေလောင်းပေးခြင်း/ရေတိုက်ခြင်း၊ တိရစ္ဆာန်ကုဆရာဝန်
(Vet)အဖွဲ့က ကျန်းမာရေးစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ဒိုင်လူကြီးအဖွဲ့တို့က မြင်းများအား(အဝင်/အထွက်) မှတ်ပုံတင်စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဒုတိယလမ်းပိုင်း
၂၀ ကီလိုမီတာအတွက် ပြိုင်ပွဲဝင်အားကစားသမားများနှင့်မြင်းများ သတ်မှတ်အချိန်တွင် ပြန်လည်ထွက်ခွာ
ကြပြီး သတ်မှတ်ထားသော Water Point နေရာသို့ရောက်ရှိသည့်အခါ
မြင်းများအား ရေလောင်းပေးခြင်း/ရေတိုက်ခြင်းတို့ ဆောင်ရွက်ပေးပြီး
မြင်းစီးအားကစားကွင်းရှိ သတ်မှတ်နေရာတွင် ပန်းဝင်ကြကာ တိရစ္ဆာန်ကု ဆရာဝန်(Vet)အဖွဲ့က ဒုတိယအကြိမ်ထပ်မံ၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ဒိုင်လူကြီးအဖွဲ့တို့က
မြင်းများအား (အဝင်/အထွက်) မှတ်ပုံတင်စစ်ဆေးခြင်းတို့ ဆောင်ရွက်ကြသည်။
စစ်ဆေးမှုများအပြီးတွင်
၄၀ ကီလိုမီတာ ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲ အောင်မြင်ခဲ့သည့် အားကစားသမား များနှင့်
မြင်းများအား အရည်အချင်းစစ်ဆေးမှုအောင်မြင်ကြောင်း အောင်လက်မှတ်များ
ပေးအပ်ပွဲကျင်းပရာ တာဝန်ရှိသူများက စစ်ဆေးမှုရလဒ်များကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံ
မြင်းစီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပြိုင်ပွဲဝင်အားကစားသမားများနှင့်
မြင်းရှစ်တွဲတို့အနက် အရည်အချင်းစစ်ဆေးမှုအောင်မြင်ခဲ့သော အားကစားသမားများဖြစ်ကြသည့်
လင်းပြည့်သူနှင့် မြင်းအမည် ရတနာထွန်းတို့အတွဲ၊ ကျော်တိုးလင်းနှင့် မြင်းအမည် တော်ဝင်ထွန်း
တို့အတွဲ၊ ထူးထက်လွင်နှင့် မြင်းအမည် မဟာထွန်းတို့အတွဲ၊ အောင်မြတ်ဇော်နှင့် မြင်းအမည်
ဇယံထွန်းတို့အတွဲ၊ မြတ်သူထက်နှင့် မြင်းအမည် ဘဂျမ်းတို့အတွဲ၊ အောင်ကျော်ဇင်နှင့် မြင်းအမည်
စိန်ဇက်ကြားတို့အတွဲ၊ ရဲပိုင်ဦးနှင့် မြင်းအမည် သိဒ္ဓိထွန်းတို့အတွဲ စုစုပေါင်းအားကစားသမားနှင့်
မြင်းခုနစ်တွဲအတွက် အရည်အချင်း စစ်အောင်လက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments