ရွိုင်ရယ်-ဒီ ရွှေခါးပတ်ချန်ပီယံဗိုလ်လုပွဲ(၂၀၂၆) ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝိတ်တန်း ခြောက်ခု၊ တွဲဆိုင်း ၁၂ ဆိုင်းဖြင့် ကျင်းပ

 


ရန်ကုန်    စက်တင်ဘာ   

မြန်မာနိုင်ငံ  ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး SAI ZAW ZAW Group က စီစဉ်သော ရွိုင်ရယ်-ဒီ ရွှေခါးပတ် ချန်ပီယံလုပွဲ(ရွှေခါးပတ်ချန်ပီယံလုပွဲ ၂၀၂၆) Royal-D GOLDEN BELT CHAMPIONSHIP 2026  ၏ ဆီမီးဖိုင်နယ်   ပွဲစဉ်များကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူရိုးရာ  လက်ဝှေ့ရုံ၌ ဝိတ်တန်းခြောက်ခု၊ တွဲဆိုင်း ၁၂ ဆိုင်းဖြင့်  ယနေ့  မွန်းလွဲ    နာရီတွင် ကျင်းပသည်။

ဦးစွာ (၅၁)ကီလိုတန်းပြိုင်ပွဲများတွင် စည်သူဖြိုး(ဒို့ရိုးရာ)နှင့် ဆလိုင်ထန်ခွီးရှိန်(ကျားမနိုင်)တို့ ထိုးသတ်ကွက်များ စုံလင်စွာဖြင့် အကြိတ်အနယ်အပြန်အလှန်ထိုးသတ်ကြရာ ငါးချီအချီပြည့်သည်အထိ အလဲထိုးနိုင်ခြင်းမရှိသဖြင့် ဒိုင်များ၏အမှတ်ဖြင့် ဆလိုင်းထန်ခွီးရှိန်က လည်းကောင်း၊ ဂေါဗက(ရိုးရာစွမ်းအား)နှင့် အောင်ကိုဦး(YKB Club)တို့ ပွဲစဉ် ၌ ပထမအချီ ၁ မိနစ် ၂၅ စက္ကန့်တွင် ဂေါဗက၏ အောက်ခြေခတ်မှုကြောင့် အောင်ကိုဦး အမှတ်စဉ်ရေတွက်ခံရပြီး ပြန်မထနိုင်ဘဲဖြစ်ရာ ဒိုင်ပွဲရပ်ဖြင့် ဂေါဗက ကလည်းကောင်း အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

(၅၄)ကီလိုတန်းပွဲစဉ်များတွင် အောင်ထွန်းဘို(ဒို့ရိုးရာ)၏ တိုက်စစ်ဆင်ထိုးသတ်ချက်များကြောင့် ကိုကို(ဘိလပ်မြေစက်ရုံ) ပထမအချီမှာပင် အမှတ်စဉ် နှစ်ကြိမ်ရေတွက်ခံရပြီး အနားတောင်းခဲ့ရကာ တတိယအချီ ၂ မိနစ် ၁၉ စက္ကန့်တွင် အောင်ထွန်းဘိုက အလဲထိုးဖြင့်လည်းကောင်း၊ မြလုံးချော(စိန်လက်သီး)က နိုင်အောင်ရှင်(ခေးယုဝါး)ကို လေးချီမြောက်တွင် အလဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ခဲ့သည်။

(၅၇)ကီလိုတန်းတွင် ကျော်ဝေယံထွန်း(Top One)က အောင်ကောင်း(ဘိလပ်မြေစက်ရုံ)ကို တတိယအချီတွင် အလဲထိုး ဖြင့် အနိုင်ရရှိပြီး အာဖရိက(555 Sports)နှင့် အောင်ထက်ဦး(ဒို့ရိုးရာ)တို့ပွဲမှာ ငါးချီပြည့်သည်အထိ အနိုင်အရှုံးမပေါ်သဖြင့် ဒိုင်များ၏အမှတ်ဖြင့် အာဖရိကက အနိုင်ရရှိခဲ့သည်။

(၆၀)ကီလိုတန်းတွင် စီတိုး(ခေးယုဝါး)က အောင်ဇော်မျိုး (ဘိလပ်မြေစက်ရုံ)ကို တတိယအချီ ၁ မိနစ် ၅၃ စက္ကန့်တွင် အလဲထိုးဖြင့်လည်းကောင်း၊ သန့်ဇင်(Python တော်ဝင်ဧရာ)က ဒေါနဟိန်း(Warriors)ကို ဒုတိယအချီ ၁ မိနစ် ၃၇ စက္ကန့်တွင်အလဲထိုးဖြင့်လည်းကောင်း၊ (၆၃ ဒသမ ၅)ကီလိုတန်းတွင် ထူးကညော(YKB)က ကြယ်စင်ထွန်း (Warriors) ကို အမှတ်ဖြင့်လည်းကောင်း၊  ရဲလင်းဦး(Vanguard)က  ဘစိုးဝဏ္ဏကို ငါးချီမြောက်တွင် အလဲထိုးဖြင့်လည်းကောင်း၊ (၆၇)ကီလိုတန်းတွင် အဖိုးသွေး(ခေးယုဝါး)က ထွန်းနိုင်ဦး(STL)ကို ဒုတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ကညောခွား(ဘိလပ်မြေစက်ရုံ)က ရှင်းထက်(ဇာထက်-မိတ္ထီလာ)ကို အမှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲစဉ်များကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီတွင် သိမ်ဖြူရိုးရာလက်ဝှေ့ရုံ၌  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                                                       

ကိုထက်

No comments

Powered by Blogger.