ပရီမီယာလိဂ် သုံးပွဲစလုံးအနိုင်ရရှိခဲ့မှုနဲ့အတူ မန်စီးတီးအသင်း ဇယားထိပ်၌ ဦးဆောင်နိုင်ခဲ့
မန်စီးတီးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် သုံးပွဲယှဉ်ပြိုင် ကစားပြီးချိန်မှာ သုံးပွဲစလုံးအနိုင်ရရှိခဲ့တာကြောင့် ဇယားထိပ်၌ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
အနိုင်ရရှိ
မန်စီးတီးအသင်းအနေနဲ့
ပရီမီယာလိဂ်ပွဲစဉ်(၃)မှာ တန်းတက်
ကိုဗင်ထရီအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းနဲ့ ကိုဗင်ထရီအသင်းတို့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပွဲကစားချိန်
၂၆ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာ ၆ ရက် ညပိုင်းအစောဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ မန်ယူအသင်းတို့ပွဲစဉ်မှာတော့
တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အဲဒီရလဒ်ကြောင့် မန်ယူအသင်းဟာရမှတ်
လေးမှတ်ဖြင့် ပရီမီယာလိဂ်အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာရပ်တည်နေပြီး အဲဗာတန်အသင်းကတော့
အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်

No comments