ပွင့်ဖြူမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ဆွေးနွေး
ပွင့်ဖြူ စက်တင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင်
အခွန်ထမ်းလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်
တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို
စက်တင်ဘာ ၂၈ ရက်က မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် အခွန်ဦးစီးဌာနမှူး
ဦးခိုင်လင်းကိုက ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊
အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်များ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်
အခွန်ပေးသွင်းခြင်း ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးကာ
အခွန်ထမ်းလုပ်ငန်းရှင်များ၏ သိရှိလိုသော မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြား
ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

No comments