တရုတ်နိုင်ငံ၏ အာတိတ်သမုဒ္ဒရာစူးစမ်းလေ့လာရေးသင်္ဘောများ တာဝန်အောင်မြင်စွာထမ်းဆောင်ခဲ့
ရှန်ဟိုင်း စက်တင်ဘာ ၃၀
တရုတ်နိုင်ငံ၏ (၁၆)ကြိမ်မြောက်
အာတိတ်သမုဒ္ဒရာ စူးစမ်းလေ့လာရေးတာဝန် သွားရောက်ထမ်းဆောင်ခဲ့သည့် ဇူလောင်နှင့် ဇူလောင်-၂ သုတေသနသင်္ဘောများသည် တာဝန်များအောင်မြင်စွာ ထမ်းဆောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဆိပ်ကမ်းသို့ စက်တင်ဘာ
၃၀ ရက်က ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းသုတေသနလုပ်ငန်းဆောင်ရွက်သည့်
သင်္ဘောများသည် အာတိတ်သမုဒ္ဒရာအတွင်း သိပ္ပံပညာဆိုင်ရာ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး
အထောက်အကူပြုသည့်အချက်အလက်များကို နိုင်ငံတကာမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်းရှာဖွေခြင်းတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။
တရုတ်နိုင်ငံ၏ ယခုကဲ့သို့ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့်
သိပ္ပံပညာဆိုင်ရာ လေ့လာတွေ့ရှိမှုများမှတစ်ဆင့်
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိရောက်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက်
ခိုင်မာသောအထောက်အပံ့ ဖြစ်စေခဲ့ပြီး
အာတိတ်ဒေသ၏ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း
သိရသည်။
အာတိတ်သမုဒ္ဒရာ စူးစမ်းလေ့လာရေးတာဝန်
ထမ်းဆောင်နေသည့် အခြားသင်္ဘောများဖြစ်သည့် ဂျီဒီနှင့် တန်ဇူအို-
၃ သင်္ဘောများမှာ လက်ရှိတွင် အာတိတ်သမုဒ္ဒရာအတွင်း သုတေသနလုပ်ငန်းများ
ဆောင်ရွက်နေကြောင်း သိရသည်။
ဆင်ဟွာ

No comments