ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာဆွေးနွေးပွဲ ကျင်းပ

 


ရန်ကုန် စက်တင်ဘာ ၃၀

 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကြီးမှူး၍ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Online/Inperson (Hybrid) စနစ်ဖြင့် ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသိန်းကိုကို၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးဝင်းကိုကိုက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြ ကြသည်။

 

ထို့နောက် ဆွေးနွေးပွဲတွင် အငြင်းပွားမှု ဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာန ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှိုင်က “မူပိုင်ခွင့်ဆိုင်ရာဥပဒေများ အနှစ်ချုပ်မိတ်ဆက်”၊ ကျောက်တံတားခရိုင် တရားရုံး ခရိုင်တရားသူကြီး ဒေါ်မီမီထွေးက “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဆိုင်ရာ သိမှတ်ဖွယ်ရာများ”၊ မရမ်းကုန်း ခရိုင်တရားရုံး ခရိုင်တရားသူကြီး ဦးဇော်ဇော်ထွန်းက “ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ချိုးဖောက်သည့် မှုခင်းအပေါ် လေ့လာတင်ပြခြင်း၊ ဗိုလ်တထောင်ခရိုင် တရားရုံးတွဲဖက်ခရိုင် တရားသူကြီး ဒေါ်ကေသီခိုင်ငြိမ်းက “မူပိုင်ခွင့်ဆိုင်ရာ အငြင်းပွားမှုများကို အခြားနည်းလမ်းဖြင့် ဖြေရှင်းခြင်း”၊ ကျောက်တံတားခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး ဒေါက်တာဝင်းဝင်းမာက “ကျော်ကြားသောအမှတ်တံဆိပ်အကြောင်းသိကောင်းစရာ” စသည့် ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးတင်ပြသည်။ ​

ကျော်ဆန်းမြင့်(ပြန်/ဆက်)

No comments

Powered by Blogger.