ကချင်ပြည်နယ်ဝန်ကြီးချုပ် မြို့နယ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ဆုရသူများအား ဂုဏ်ပြုဆုချီးမြှင့်

 

မြစ်ကြီးနား  စက်တင်ဘာ 

ကချင်ပြည်နယ်မှ မျိုးဆက်သစ်လူငယ်ပြေးခုန်ပစ်အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေးနိုင်ရေးအတွက်   မြို့နယ်ပေါင်း ခြောက်မြို့နယ်မှ လူငယ်အားကစား သမားများဖြင့်ကျင်းပသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလားအသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ပြည်နယ်ဘောလုံး ကွင်းအတွင်း ကျင်းပသည်။

ဦးစွာ  မီတာ ၄၀၀   ကျား/မ အပြေးပြိုင်ပွဲနှင့် လက်ဆင့်ကမ်း ကျား/မ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲ များကျင်းပနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အခြေခံပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား ကျောင်းသူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက်  ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ပြိုင်ပွဲတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊  ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ပညာရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က  မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ ၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ မီတာ ၃၀၀၀ ကျား/မ အပြေးပြိုင်ပွဲများ၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မီတာ ၁၀၀ ကျား/မ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့်အဖွဲ့များအတွက် တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ၊ ပြိုင်ပွဲများတွင် အားကစားနည်း အလိုက် ရွှေ ၁၉ ခု၊ ငွေ ၁၀ ခု၊ ကြေး ရှစ်ခုရရှိခဲ့သော မြစ်ကြီးနားမြို့နယ် ပြေးခုန်ပစ်အသင်းအတွက် တံခွန်စိုက်ဆု ဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ် ကျောင်းဝင်းအတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇  ဘဏ္ဍာနှစ်နှင့်  ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည့် ပေ(၁၆၈ ၊ ၉၀)   သုံးထပ် RC  တက္ကသိုလ်စာကြည့်တိုက်  အဆောက်အအုံသစ်နှင့် တက္ကသိုလ် အပန်းဖြေရိပ်သာ Recreation  Centre နှစ်ထပ်အဆောက်အအုံသစ်များ တည်ဆောက်ရေးနှင့် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းရှိ အမှတ်() အခြေခံပညာအထက်တန်းကျောင်းခွဲ(ရမ်ပူ) ကျောင်းဝင်းအတွင်း ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်သွားမည့် ပေ(၁၄၀၊ ၃၀) RCC သုံးထပ်စာသင်ဆောင်သစ်တည်ဆောက်နိုင်ရေး ပန္နက်တင်အခမ်းအနားများသို့  တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.