နိုင်ငံတကာဖိတ်ခေါ် International Futsal Cup 2026 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ယနေ့ ကျင်းပမည်

 

ရန်ကုန်   စက်တင်ဘာ  

နိုင်ငံတကာဖိတ်ခေါ်  International Futsal Cup 2026 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို    စက်တင်ဘာ  ၁၀  ရက်တွင်   ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် နံနက် ၁၀ နာရီတွင် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းနှင့် မြန်မာကလပ် YRG အသင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာကလပ်နှစ်သင်းဖြစ်သည့်   MIU အသင်းနှင့်   YCDC   Dream  Team  အသင်းတို့  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်သို့ မြန်မာကလပ်သုံးသင်းအထိ တက်ရောက်နိုင်ခဲ့ပြီး ပြည်ပကလပ်သုံးသင်းအနက် အင်ဒိုနီးရှားကလပ်တစ်သင်းသာ တက်ရောက်နိုင်ခဲ့သည်။

ဆီမီးဖိုင်နယ်ရောက်လေးသင်းအနက် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းနှင့်  မြန်မာကလပ်  MIU  အသင်း တို့မှာ အုပ်စုသုံးပွဲစလုံးအနိုင်ရရှိပြီး တက်ရောက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပသည့် နိုင်ငံတကာဖိတ်ခေါ် ဖူဆယ်ကလပ်ပြိုင်ပွဲတွင် မည်သည့်အသင်း ဗိုလ်လုပွဲ တက်ရောက်နိုင်မလဲ စောင့်ကြည့်ရမည်ဖြစ်သည်။                                   

ရှိုင်းထက်ဇော်

No comments

Powered by Blogger.