အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အပြီးသတ်ကစားသမား ၂၃ ဦး ထုတ်ပြန်

 

နေပြည်တော်   စက်တင်ဘာ  

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်ဖြစ်သူ အင်္ဂလန်နိုင်ငံသား  ကောလင်းဘဲလ်သည်   ဂျပန်နိုင်ငံ၌ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်ရန် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် ဂိုးသမား-မျိုးမြမြငြိမ်း(သစ္စာအားမာန်)   အိစန္ဒာဇော် (ဧရာဝတီ)၊ ဇူးလတ်နဒီ(အား/ကာသိပ္ပံ)  နောက်တန်း-ဇွန်ယုယဦး၊ ဖြူဖြူဝင်း(ဧရာဝတီ)လင်းလဲ့ဦး၊ သန်းသန်းနွယ်(အား/ကာသိပ္ပံ)၊ ဇွန်သဲဦး၊ ခင်မျိုးသန္တာထွန်း (ရှမ်းယူနိုက်တက်)၊ ယုယုနိုင်(ရန်ကုန်ယူနိုက်တက်)၊ မေသက်မွန်မြင့်(သစ္စာအားမာန်)၊ အလယ်တန်း-နော်ထက်ထက်ဝေ(ဧရာဝတီ)၊ ဝင်းဝင်း၊ ဇင်မာထွေး(သစ္စာအားမာန်)၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်(အား/ကာသိပ္ပံ) ဒေစီအောင်(ရန်ကုန်ယူနိုက်တက်)၊ ရှေ့တန်း-ရူပါခိုင်(ရှမ်းယူနိုက်တက်) မြတ်နိုးခင်(သစ္စာအားမာန်)၊ ရွှေရည်ထွန်း(အား/ကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း(ရတနာပုံ)၊ မေထက်လူ(ဧရာဝတီ)နှင့် စုစုကြည်(ရန်ကုန်ယူနိုက်တက်)တို့ ပါဝင်သည်။ ဒဏ်ရာရနေသည့်   ကစားသမားအချို့မှလွဲ၍  အမာခံကစားသမား အများစု အပြီးသတ်လူစာရင်းတွင်ပါဝင်လာပြီး စုစုကြည်၊ ဒေစီအောင်၊ဇင်မာထွေး၊ ဇွန်သဲဦးတို့ ပထမဆုံးအကြိမ် ရွေးချယ်ခံရသည်။

မြန်မာအသင်းသည်   မြောက်ကိုရီးယား၊   တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့်  တစ်အုပ်စုတည်းကျရောက် နေပြီး စက်တင်ဘာ ၁၄ ရက်တွင် တောင်ကိုရီးယားအသင်း၊  စက်တင်ဘာ ၁၇ ရက်တွင်  မြောက်ကိုရီးယားအသင်း၊  စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂ သင်းကို အုပ်စုသုံးခု ခွဲကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီက အမှတ်အများဆုံး နှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ

ဓာတ်ပုံ - MFF

No comments

Powered by Blogger.