မန်စီးတီးအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့
စက်တင်ဘာ ၈ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေထဲမှာ မန်စီးတီးအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ နိုင်ပွဲကိုယ်စီရရှိခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ပေါ်တိုအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာ
မန်စီးတီးအသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို
တိုက်စစ်မှူးဟာလန်းတစ်ဦးတည်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဟာလန်းဟာ အခုပွဲစဉ်မှာ
နှစ်ဂိုးသွင်းယူနိုင်ခဲ့လို့ မန်စီးတီးအသင်းနဲ့အတူ အခုရာသီမှာ သွင်းဂိုးငါးဂိုးအထိ
ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းကတော့
အင်တာမီလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးတွေကို
အမ်ဘတ်ပီနဲ့ ဗယ်ဗာဒီတို့ကသွင်းယူပေးခဲ့ကာ အင်တာမီလန်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့
အော်ဂတ်စတိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
အမ်ဘတ်ပီဟာ လက်ရှိအချိန်မှာ
ချန်ပီယံလိဂ်သွင်းဂိုး ၇၁ ဂိုး ရှိသွားပြီဖြစ်ပြီး အမ်ဘတ်ပီထက် ချန်ပီယံလိဂ်သွင်းဂိုး
ပိုမိုသွင်းယူထားနိုင်တဲ့ ကစားသမားတွေကတော့ ဘင်ဇီမာ(ဂိုး
၉၀)၊ လီဝန်ဒိုစကီ(၁၀၉ ဂိုး)၊ မက်ဆီ(၁၂၉ ဂိုး)၊ စီရိုနယ်လ်ဒို(ဂိုး ၁၄၀)တို့ပဲဖြစ်ပါတယ်။ ဒေါ့မွန်အသင်းနဲ့
ဗီလာရီးယဲလ်အသင်းတို့ပွဲစဉ်မှာ ဒေါ့မွန်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အခြားသောပွဲစဉ်တွေမှာတော့
ရီးယဲလ်ဘတ်တစ်အသင်းက လိုင်လီအသင်းကို သုံးဂိုး-နှစ်ဂိုး၊ အက်စ်တွန်ဗီလာအသင်းက ကလက်ဘရုဂ်ျအသင်းကို
သုံးဂိုး-နှစ်ဂိုး၊ အေအီးကေအသင်းက LASK အသင်းကို တစ်ဂိုး-ဂိုးမရှိ စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာ
ဖြစ်ပါတယ်။
ငွေကြယ်
No comments