၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသား သုံးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုနှင့် အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက တံခွန်စိုက်ဆုဖလား ဆွတ်ခူးရရှိ

 

နေပြည်တော်  စက်တင်ဘာ  

အားကစားရေးရာဝန်ကြီးဌာနအားကစားနှင့် ကာယပညာဦးစီးဌာနနှင့်  မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊  မြန်မာနိုင်ငံ  ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ အားကစားဝါသနာရှင်များ တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးသည်။

ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း အမျိုးသား လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက သာသနာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ တတိယလုပွဲ ပွဲစဉ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက   သာသနာရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊   ဗိုလ်လုပွဲ ပွဲစဉ်တွင်  ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို  နှစ်ပွဲ-တစ်ပွဲဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြိုင်ပွဲများအပြီးတွင်  ဆုချီးမြှင့်ပွဲကို  ဆက်လက်ကျင်းပရာ အတိုးတက်ဆုံးအားကစားသမားဆုရရှိသည့်  ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်() မောင်ဘုန်းသစ်ဟန်အား ဆုငွေကျပ် သုံးသိန်းကို   မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းဥက္ကဋ္ဌ ဦးရဲဝင့်ထွဋ်တင်က  လည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ  အဖွဲ့လိုက်ပြိုင်ပွဲတွင် အကောင်းဆုံး အားကစားသမားဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းမှ ကျောနံပါတ်(၁၆) မောင်ဇော်မင်းခန့်အား  ဆုငွေကျပ်  သုံးသိန်းကို  အားကစားရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးကျော်သူက လည်းကောင်း၊ အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် အကောင်းဆုံးအားကစားသမား ဆုရရှိသည့်  ကျောနံပါတ် ()  မောင်ဇင်မင်းဦးအား ဆုငွေကျပ် သုံးသိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဒေါက်တာသောင်းနိုင်က လည်းကောင်း၊  အတိုးတက်ဆုံးအသင်းဆုရရှိသည့် သာသနာရေးဝန်ကြီးဌာနအသင်းအား ဆုငွေကျပ် ငါးသိန်းကို  ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးမျိုးမြင့်ကလည်းကောင်း၊  အမျိုးသား သုံးယောက်တွဲ  အဖွဲ့လိုက်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့်  စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာနအသင်းအား  Tropy နှင့်  ဆုငွေကျပ် ခြောက်သိန်းကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက လည်းကောင်း၊ အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့်   သာသနာရေးဝန်ကြီးဌာန အသင်းအား  Tropy နှင့်  ဆုငွေကျပ် ခြောက်သိန်းကို အမျိုးသမီး ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန်းစန်းနွယ်ကလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ  အဖွဲ့လိုက်ပြိုင်ပွဲတွင်  တတိယဆုရရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေကျပ် ၁၀ သိန်းကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းကလည်းကောင်း၊ အမျိုးသားလေးယောက်တွဲအဖွဲ့လိုက် ပြိုင်ပွဲတွင်   တတိယဆုရရှိသည့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား  တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေကျပ် ၁၀ သိန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ဗိုလ်ချုပ်ကျော်စွာဦးကလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အားကစားရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေကျပ် သိန်း ၂၀ ကို  ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ကလည်းကောင်း၊ အမျိုးသားလေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့်  ပြည်ထဲရေးဝန်ကြီး ဌာနအသင်းအား  တစ်ဦးချင်းဆုတံဆိပ်များနှင့်  ဆုငွေကျပ်  သိန်း  ၂၀  ကို    သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ကလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ    အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့်   ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဆုငွေကျပ်  သိန်း ၃၀ ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်က လည်းကောင်း၊ အမျိုးသား လေးယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား    တစ်ဦးချင်းဆု တံဆိပ်များနှင့် ဆုငွေကျပ် သိန်း ၃၀ ကို နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က လည်းကောင်း၊ အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲတွင်  ရွှေတံဆိပ်တစ်ခုနှင့် အမျိုးသား လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု စုစုပေါင်း ရွှေတံဆိပ်နှစ်ခုဖြင့်   တံခွန်စိုက်ဆုဖလားရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းအား တံခွန်စိုက်ဆုဖလားကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)ပြိုင်ပွဲကို စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာ ၉ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)၌ ပြိုင်ပွဲကာလ ခုနစ်ရက်ကြာ ကျင်းပရာ ဝန်ကြီးဌာနများမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၂၇ သင်း စုစုပေါင်း ပြိုင်ပွဲဝင် ၂၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။                                                   

သတင်းစဉ်

No comments

Powered by Blogger.