(၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd AACC) အား Video Teleconference (VTC) ဖြင့်ကျင်းပ

 


နေပြည်တော် စက်တင်ဘာ ၉

 

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၃)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(23rd AACC)ကို Video Telecon-ference (VTC) ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

 

အဆိုပါအစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းဝင်း၊ ဘရူနိုင်းနိုင်ငံ လေတပ်ဦးစီးချုပ် Brigadier General Haji Haszahaidi Bin Haji Ahmad Daud ၊ ကမ္ဘောဒီးယားနိုင်ငံလေတပ် စစ်ဦးစီးအရာရှိချုပ် Lieutenant General Kong Mony ၊ အင်ဒိုနီးရှားနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono ၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamleu-angthep ၊ မလေးရှားနိုင်ငံလေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ၊ ဖိလစ်ပိုင်နိုင်ငံ လေတပ်ဦးစီးချုပ် Lieutenant General Arthur M Cordura ၊ စင်ကာပူနိုင်ငံလေတပ်ဦးစီးချုပ် Major General Kelvin Fan Sui Siong ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၊ တီမောလက်စ်တေနိုင်ငံ လေတပ်ဦးစီးချုပ် Colonel Helder Da Costa ၊ ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lieutenant General Vu Hong Son နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Vice Commander ဖြစ်သူ Major General PABLO RUSTRIA JR က (၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား၍ အစည်းအဝေးကိုဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံလေတပ်များ၏ ပူးပေါင်း ဆောင်ရွက်မှုများနှင့် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်ဆိုင်ရာ video clip ကို ပြသသည်။

 

ထို့နောက် ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Chief of Staff ဖြစ်သူ Major General Alvin M Hate က (၁၃)ကြိမ်မြောက်အာဆီယံလေတပ်များ၏ ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း အဝေးရလဒ်များကို အစီရင်ခံတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော အာဆီယံလေတပ်ဦးစီးချုပ်များက (၂၃)ကြိမ်မြောက် AACC ၏ ဦးတည်ချက်ဖြစ်သော “ဘက်ပေါင်းစုံအပြန်အလှန် ပူးပေါင်းချိတ်ဆက်မှုရှိသော အာဆီယံလေတပ်များဖြစ်ပေါ်လာစေရေး ဒေသတွင်း တည်ငြိမ်ရေးအတွက် တစ်စုတစ်စည်းတည်း ဆောင်ရွက်စို့ ခေါင်းစဉ်အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ သဘာပတိက (၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားရှင်းလင်း ပြီး AACC အစည်းအဝေးဆုံးဖြတ်ချက်များနှင့် AACC Joint Statement အား အာဆီယံလေတပ်ဦးစီးချုပ်များက အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြသည်။

 

ထို့နောက် သဘာပတိကနိဂုံးချုပ်အမှာစကားပြောကြားပြီး (၂၄)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို သဘာပတိအဖြစ် တာဝန်ထမ်းဆောင်မည့် မလေးရှားနိုင်ငံ လေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ကိုယ်စား ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မလေးရှားစစ်သံမှူးထံသို့ AACC အထိမ်းအမှတ်ပစ္စည်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် မလေးရှား နိုင်ငံလေတပ်ဦးစီးချုပ်က ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အာဆီယံလေတပ်ဦးစီးချုပ်များ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments

Powered by Blogger.