(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူ

 


နေပြည်တော် စက်တင်ဘာ ၂၂

 

(၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ လေကြောင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ (ခုတင်-၁၀၀)ပြည်သူ့ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းကြသည်။

 

လေကြောင်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် ၃၀ တို့၏ စုပေါင်း သွေးလှူဒါန်းခဲ့မှုကို လေကြောင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ထူးအောင်၊ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒာကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။  

ကြေးမုံ

No comments

Powered by Blogger.