အာဖဂန်မြောက်ပိုင်း၌ အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ တန် စာသင်ကျောင်း ဆောက်လုပ်



စက်တင်ဘာ ၂၅

အာဖဂန်မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်၏ မြို့တော် ကွန်ဒုဇ်မြို့တွင် ဒေသခံအာဏာပိုင်များသည် အမေရိကန်ဒေါ်လာ ၃၀၀၀၀၀ တန် ကျောင်းအဆောက်အအုံတစ်ခုကို တည်ဆောက်ခဲ့ကြောင်း အာဖဂန်နစ္စတန်ရေဒီယိုနှင့် ရုပ်မြင်သံကြား (RTA) မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အခန်း ၁၂ ခန်းပါ ကျောင်းအဆောက်အအုံတွင် ကလေးငယ် ရာနှင့်ချီ၍ မူလတန်းပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း အစိုးရပိုင် မီဒီယာက ဖော်ပြခဲ့သည်။

 ပညာရေးမြှင့်တင်ရန်အတွက် အရေးပါသော လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ဒေသခံများက ကြိုဆိုခဲ့ကြပြီး ပြည်နယ်အတွင်း ကျောင်းများ ထပ်မံဆောက်လုပ်ပေးရန်အစိုးရထံ တောင်းဆိုခဲ့ကြကြောင်း ဖော်ပြထားသည်။

အာဖဂန်အာဏာပိုင်များသည် စစ်ပွဲအပြီးနိုင်ငံတစ်ဝန်းရှိ ယာယီတဲကျောင်းများမှ ကျောင်းသားများကို သင့်လျော်သော ပညာရေးအဆောက်အအုံများသို့ ရွှေ့ပြောင်းရန်အတွက် ပျက်စီးနေသော စာသင်ကျောင်းများစွာကို ယခင်က ပြန်လည်တည်ဆောက်ခဲ့ပြီး အဆောက်အအုံအသစ်များ တည်ဆောက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.