ကျိုက်ထိုမြို့နယ်၌ မြို့နယ်ပညာရေးမှူး(ဖလား) အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

 


ကျိုက်ထို   စက်တင်ဘာ   ၃၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျိုက်ထိုမြို့နယ် ပညာရေးမိသားစု၊ မြို့မိမြို့ဖများနှင့် မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့  ပူးပေါင်းကျင်းပသော မြို့နယ်ပညာရေးမှူး(ဖလား)၊ အသက်(၁၄)နှစ်အောက်     အမျိုးသားဘောလုံးပြိုင်ပွဲ  ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက အောင်ဆန်းအားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အထက(၂)ဘောလုံးအသင်းနှင့် အထက(ကင်မွန်းချောင်း) ဘောလုံးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ အထက(၂) ဘောလုံးအသင်းက  အထက(ကင်မွန်းချောင်း) ဘောလုံးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍   အခမ်းအနားကို ကျင်းပရာ    ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးကံစောလှိုင်က ပထမဆုရရှိသည့် အထက(၂)ဘောလုံးအသင်းအား ဂုဏ်ပြုဆုဖလားနှင့် ဆုတံဆိပ်တို့ကို ချီးမြှင့်ပေးခဲ့ပြီး   ဒုတိယဆု၊ တတိယဆုနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို တာဝန်ရှိသူများက   ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။  

ပြည့်ဖြိုး(ပြန်/ဆက်)

No comments

Powered by Blogger.