ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ဂိုးပြတ်နိုင်ပွဲကိုယ်စီရရှိခဲ့
၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွေကို စက်တင်ဘာ ၉ ရက် ညပိုင်းနဲ့ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတို့မှာ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ဂိုးပြတ်နိုင်ပွဲကိုယ်စီ ရရှိခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အဖွင့်ပွဲစဉ်မှာ ဖီယင်နုအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပြီး ဘာစီလိုနာအသင်းက ဖီယင်နု အသင်းကို ငါးဂိုး - တစ်ဂိုးဖြင့်
အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက်
သွင်းဂိုးတွေကို ရာဖင်ညာက နှစ်ဂိုး၊ အက်ဒီယီမီကတစ်ဂိုး၊ ယာမယ်ကတစ်ဂိုးနဲ့ ဂါဘရီယယ်ဂျီး
ဆက်ကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းကတော့
ဆလိုဗန်အသင်းကို ခြောက်ဂိုး - တစ်ဂိုးဖြင့်
အနိုင်ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ဒမ်ဘီလီကနှစ်ဂိုး၊ ဖာရန်တောရက်စ်ကသုံးဂိုးနဲ့ ဖာဘီရန်ရုဇ်က တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ
ဖြစ်ပါ တယ်။
ပီအက်စ်ဂျီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဂိုးပြတ်နိုင်ပွဲ ကိုယ်စီရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်အမှတ်ပေး ဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။
အခြားသောချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့
စတုဂတ်အသင်းက ဗီကင်းအသင်းကို သုံးဂိုး - တစ်ဂိုး၊
လီဗာပူးအသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို နှစ်ဂိုး - တစ်ဂိုး၊
အာဆင်နယ်အသင်းက နာပိုလီအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ စပို့တင်းအသင်းက ဂါလာတာစာရေးအသင်းကို သုံးဂိုး - တစ်ဂိုး စသဖြင့် အသီးသီးအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments