ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ အီဘိုလာတိုက်ဖျက်ရေးအတွက် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်း ၅၂ တန် ပေးပို့
ဒါအက်စ်ဆလမ် စက်တင်ဘာ ၆
တန်ဇန်းနီးယားနိုင်ငံသည်
အီဘိုလာရောဂါဖြစ်ပွားမှုကိုထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုများတွင် ပံ့ပိုးကူညီရန်
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(DRC)သို့ အမေရိကန်ဒေါ်လာ
၈၈၀၀၀ ခန့်တန်ဖိုးရှိ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ၅၂ တန်ကို စက်တင်ဘာ ၅ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ရေးပစ္စည်းများကို
တန်ဇန်းနီးယားကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖလော့ရင့် ဆာမီဇီက အစိုးရကိုယ်စား
ကင်ရှာဆာ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းပစ္စည်းများထဲတွင်
ဆေးဝါးများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကာကွယ်ရေးပစ္စည်းကိရိယာများနှင့် လူနာပြုစုစောင့်ရှောက်မှုကောင်းမွန်စေရန်နှင့်
အီဘိုလာရောဂါကူးစက် ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ရန် ရည်ရွယ်သည့် အခြားထောက်ပံ့ရေးပစ္စည်းများ
ပါဝင်ကြောင်း သိရသည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌
၂၀၂၆ ခုနှစ် စက်တင်ဘာလအစောပိုင်းအထိ အီဘိုလာရောဂါဖြစ်ပွားသူ စုစုပေါင်း
၆၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၃၀၀၀ ကျော်ရှိကြောင်း သိရသည်။
ဆင်ဟွာ

No comments