OPEC+ က အောက်တိုဘာလအတွင်း ရေနံထုတ်လုပ်မှုတိုးမြှင့်မည့်အစီအစဉ် ရပ်ဆိုင်းမည်
ဗီယင်နာ စက်တင်ဘာ ၆
OPEC+ ဟု လူသိများသည့်
ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့(OPEC)နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများ သည် အောက်တိုဘာလအတွင်း ရေနံထုတ်လုပ်မှုတိုးမြှင့်မည့်အစီအစဉ်ကို
ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်ဟု OPEC က ပြောကြားသည်။
ကမ္ဘာ့ဈေးကွက်အခြေအနေများနှင့်
စီးပွားရေးအလားအလာများကို သုံးသပ်ရန် ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ ကူဝိတ်၊ ကာဇက်စတန်၊
အယ်လ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံတို့ပါဝင်သည့် OPEC+ အဖွဲ့ဝင်နိုင်ငံများ၏ အွန်လိုင်းအစည်းအဝေးအပြီးတွင် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း
သိရသည်။
အွန်လိုင်းအစည်းအဝေးတွင်
ပါဝင်တက်ရောက်ခဲ့သည့် OPEC+ အဖွဲ့ဝင် ခုနစ်နိုင်ငံသည်
၂၀၂၆ ခုနှစ် အောက်တိုဘာလအတွက် ထုတ်လုပ်မှုပမာဏကို ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် သတ်မှတ်ထားသော ထုတ်လုပ်မှုပမာဏအတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
OPEC+ အဖွဲ့ဝင်
ခုနစ်နိုင်ငံသည် ၂၀၂၆ ခုနှစ် ဧပြီလမှစကာ လစဉ်ရေနံထုတ်လုပ်သည့်ပမာဏကို တိုးမြှင့်ခဲ့ခြင်းဖြစ်
ကြောင်း သိရသည်။ ယင်းခုနစ်နိုင်ငံသည် ဈေးကွက်အခြေအနေများကို ပြန်လည်သုံးသပ်ရန် အောက်တိုဘာ
၄ ရက်တွင် ထပ်မံတွေ့ဆုံသွားမည်ဖြစ်ကြောင်း OPEC က ပြောကြားသည်။
ဆင်ဟွာ

No comments