ရန်ကုန်မြို့အမျိုးသားပြတိုက်သို့ ရန်ကင်းမြို့နယ်မှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ သွားရောက်လေ့လာ

 


ရန်ကင်း စက်တင်ဘာ ၂၀

 

ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ နိုင်ငံ၏ ခိုင်မာသည့်သမိုင်းကြောင်း အစဉ်အလာနှင့် ယဉ်ကျေးမှုတန်ဖိုးများ သိရှိနားလည်လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားလာစေရန်နှင့် ဘိုးဘွားများ၏ ယဉ်ကျေးမှုအမွေ အနှစ်များကို ထိန်းသိမ်းမြှင့်တင် လိုစိတ်ရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် ရန်ကင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၀၀ နှင့် ဆရာ ဆရာမများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာကြသည်။

 

ဦးစွာ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများသည် ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသား ပြတိုက်သို့ ရောက်ရှိကြပြီး ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ရာ အမျိုးသားပြတိုက်မှ တာဝန်ရှိသူများက အမျိုးသားပြတိုက်၏ သက်တမ်း၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြခန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)

No comments

Powered by Blogger.