ဂျပန်နိုင်ငံရှိ ဖူဂျီတောင်သို့ တောင်တက်သူများအတွက် စည်းကမ်းများတင်းကျပ်မည်
တိုကျို စက်တင်ဘာ ၁၄
ဂျပန်နိုင်ငံရှိ ဖူဂျီတောင်သို့ တောင်တက်သူများအတွက် စည်းကမ်းများကို တင်းကျပ်ရန် ဆုံးဖြတ်လိုက်ကြောင်း
သိရသည်။
ဖူဂျီတောင်သို့တက်ရာတွင်
မတော်တဆမှုများမဖြစ်ပွားစေရေး နည်းလမ်းများကိုဆွေးနွေးရန် ရှီဇူအိုကာစီရင်စုမှ တာဝန်ရှိသူများသည်
စက်တင်ဘာ ၁၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တာဝန်ရှိသူများသည် ဘေးအန္တရာယ်များနိုင်သည့်
စက်တင်ဘာလမှ ဇူလိုင်လအတွင်း တောင်မတက်ကြရန် ဆောင်ရွက် မည်ဖြစ်ပြီး တစ်ဖက်တွင်လည်း တောင်တက်ရာတွင်
ဆောင်ရွက်ရမည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံသစ်များကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်သည်။
တောင်တက်ခွင့်မပြုသည့်ကာလအတွင်း တောင်တက်မည့်သူများသည် မိမိတို့၏တောင်တက်အစီအစဉ်များကို ကြိုတင်စာရင်းပေးသွင်းထားရန် လိုအပ်မည်ဖြစ်သည်။
စာရင်းပေးသွင်းခြင်းမပြုလုပ်ဘဲ တောင်တက်ပြီးနောက်
ကယ်ဆယ်ရေးအကူအညီတောင်းခံပါက ဒဏ်ကြေးနှင့်
ပြစ်ဒဏ်များ ချမှတ်ခံရနိုင်ခြေရှိသည်။ စာရင်းပေးသွင်းခြင်းမပြုလုပ်ဘဲ
တောင်တက်သူများအနေဖြင့် ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်မှုပြုလုပ်ရပါက ကုန်ကျစရိတ်ကို ပေးဆောင်စေသင့်ကြောင်း ဒေသခံအသိုင်းအဝိုင်းက တောင်းဆိုထားသည်။
ကိုးကား
- အင်န်အိတ်ချ်ကေ
ဘာသာပြန်
- စိုးသူရ

No comments