မင်းလှမြို့နယ်၌ မိုးစပါးစံကွက် ရိတ်သိမ်း
မင်းလှ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှု ကော်မတီက ၂၀၂၆-၂၀၂၇ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ပိုင်းက သင်အိုင်ကျေးရွာအုပ်စု၌ ပြုလုပ်သည်။
စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် ဝန်ထမ်းများက သင်အိုင်ကျေးရွာအုပ်စု တောင်သူ ဦးအောင်ဆန်းမင်း၏ လယ်မြေ ငါးဧက၌ မိုးစပါး ဆာဖိုးသာမျိုးအား တောင်သူများနှင့် ပူးပေါင်း၍ စံကွက်ရိတ်သိမ်းကြရာ တစ်ဧက အစို ၁၃၆ ဒသမ ၅ တင်း၊ အခြောက် ၁၂၂ ဒသမ ၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)

No comments