ဝေါမြို့နယ်၌ ကျောင်းပေါင်းစုံ အားကစားပွဲတော်ဖွင့်ပွဲ ကျင်းပ
ဝေါ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းပေါင်းစုံ အားကစားပွဲတော်ဖွင့်ပွဲကို စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်က အားကစားသမားများအား အားပေးစကား ပြောကြားကာ အားကစားပွဲတော်တွင် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ၊ ပြေးခုန်ပစ် ပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)

No comments