အမေရိကန်က ကျူးဘားနိုင်ငံအပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုကြောင့် စီးပွားရေးအရ ကန်ဒေါ်လာ ရှစ်ဘီလီယံကျော် ထိခိုက်မှုရှိ
ဟာဗားနား စက်တင်ဘာ
၈
အမေရိကန်၏ ကျူးဘားနိုင်ငံအပေါ်
ကုန်သွယ်ရေးပိတ်ဆို့မှု တိုးမြှင့်လိုက်ခြင်းကြောင့် နိုင်ငံအတွင်း ၂၀၂၅ ခုနှစ် မတ်လမှ
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အမေရိကန် ဒေါ်လာ ၈ ဒသမ ၀၈၃ ဘီလီယံ စီးပွားရေးဆုံးရှုံးမှုဖြစ်ပေါ်စေခဲ့ပြီး
၎င်းပမာဏသည် ယခင်နှစ်ကထက် ခုနစ်ရာခိုင်နှုန်း ပိုများခဲ့ကြောင်း ကျူးဘားနိုင်ငံခြားရေးဝန်ကြီး
ဘရူနိုရိုဒရီဂွက်ဇ်က ပြောကြားသည်။
ကျူးဘားသည် အမေရိကန်၏
ကုန်သွယ်ရေးပိတ်ဆို့မှုကို ဆယ်စုနှစ်ခြောက်ခုကျော်ခံခဲ့ရကြောင်း သိရသည်။ အမေရိကန်အစိုးရသည်
ကျူးဘားနိုင်ငံသို့ ရေနံတင်ပို့နေသည့် ရေနံတင်သင်္ဘောများနှင့် သင်္ဘောလိုင်းများကို
လည်ပတ်နေသောကုမ္ပဏီများအပေါ် ပိတ်ဆို့မှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး ကျူးဘားနိုင်ငံသို့
လောင်စာဆီထောက်ပံ့မှုကိုပိတ်ပင်ခဲ့ရာ ယခုကဲ့သို့ အမေရိကန်က ပိတ်ဆို့မှုများဆောင်ရွက်ခြင်းဖြင့်
ကျူးဘားနိုင်ငံသားများ၏ နေ့စဉ်ဘဝကို ထိခိုက်စေသည်ဟု ၎င်းကပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - စိုးသူရ

No comments