အင်ဒိုနီးရှား၌ မီးတောင်ပေါက်ကွဲမှုကြောင့် လေဆိပ်ပိတ်ခဲ့ရသဖြင့် ခရီးသည် သုံးသိန်းခွဲနီးပါး ထိခိုက်ခဲ့
ဂျကာတာ စက်တင်ဘာ
၈
အင်ဒိုနီးရှားနိုင်ငံတွင်
Anak Krakatau မီးတောင်ပေါက်ကွဲမှုမှ မီးတောင်ပြာများ လွင့်စဉ်မှုဖြစ်ပွားပြီးနောက်
လေဆိပ်များကို ပိတ်ထားခဲ့ရာ မြို့တော်ဂျကာတာရှိ Soekarno-Hatta အပြည်ပြည် ဆိုင်ရာလေဆိပ်နှင့်
အခြားလေဆိပ်လေးခု၌ ယခုအခါ လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှု ပြန်လည်စတင်နေပြီဖြစ်ကြောင်း
သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ပြောသည်။
လေဆိပ်များပိတ်ထားစဉ်
လေဆိပ်များ၌ လေယာဉ်စုစုပေါင်း ၁၇၈ စင်းရှိနေခဲ့ပြီး ပျံသန်းနိုင်စွမ်းနှင့် ဘေးကင်းမှုရှိ၊
မရှိ စစ်ဆေးရန် လိုအပ်သောကြောင့် အချို့လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲမှု ပြန်လည်စတင်နိုင်ရန်
အချိန်အနည်းငယ်ကြန့်ကြာနိုင်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး ဒူဒီပူဝါဂန်ဒီက ပြောသည်။
အခြေခံအဆောက်အအုံနှင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်တွင်
လေဆိပ်ပိတ်ပင်မှုကြောင့် လေယာဉ်ခရီးစဉ် ၂၉၆၁ ခုထက် မနည်းနှောင့်နှေးခြင်း၊ လမ်းကြောင်းပြောင်းလဲခြင်းနှင့်
ဖျက်သိမ်းခြင်းတို့ပြုလုပ်ခဲ့ရပြီး ခရီးသည်ပေါင်း ၃၄၁၀၀၀ ထက်မနည်း ထိခိုက်မှုရှိခဲ့ကြောင်း
ဖော်ပြထားသည်။
မီးတောင်ပေါက်ကွဲမှုကြောင့်
အင်ဒိုနီးရှားနိုင်ငံတွင် လေဆိပ်ရှစ်ခုအထိ ပိတ်ထားခဲ့ရကြောင်း၊ Anak Krakatau မီးတောင်သည်
စက်တင်ဘာ ၄ ရက်မှစတင်ကာ ပေါက်ကွဲမှုများဖြစ်ပွားလျက်ရှိပြီး စက်တင်ဘာ ၆ ရက်တွင် ပိုမိုပြင်းထန်သော
ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် စက်တင်ဘာ ၈ ရက်တွင် မီးတောင်ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
ဆင်ဟွာ

No comments