ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်
နေပြည်တော် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်
ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် (၁၁/၆) နှင့် (၁၁/၇)
ကြားနေရာ၌ မြစ်ကမ်း ရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ်
၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် တိုက်စားကာ ဆည်မြောင်းတာ
အိပဲ့ကျမှု ဖြစ်ပွားခဲ့သည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ်
ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား မြစ်ကမ်းထိန်းလုပ်ငန်းဖြစ်သည့်
Porcupine ချထားခြင်း၊ Steel Cable Groyne ဆောင်ရွက်ခြင်း၊ တာမိုင် (၁၁/၅) မှ တာမိုင်
(၁၁/၇) ကြား ဆည်မြောင်းတာအပြင်ဘက်ခြမ်း
ဧရာဝတီမြစ်အတွင်း နိုင်လွန်ပိုက်ထုပ် သဲအိတ်ချခြင်းနှင့် ရေလမ်းသောင်တူးခြင်းလုပ်ငန်းများကို
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့များနှင့်
ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့်
ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ
တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
%20photos-3.jpg)
No comments