ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ



 ပဲခူး စက်တင်ဘာ ၈


၂၀၂၆ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရက်သတ္တပတ် လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ပုလဲခန်းမ၌ ကျင်းပသည်။

 

ဦးစွာ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီသူနာ ပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယ တိုင်းတပ်ဖွဲ့မှူး ဦးဟန်အောင်က အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ ကော်မတီ အတွင်းရေးမှူး တိုင်းနည်းပြမှူး ဦးသိမ်းအောင် က နှလုံးနှိုးဆွခြင်းနှင့် အသက်ရှူ အားကူနည်း၊ ဦးခေါင်းပတ်တီး စည်းနည်း၊ သုံးထောင့်ပတ်တီးနှင့် လက်သိုင်းကွင်းစည်းနည်း၊ ရိုးရိုး ပတ်တီးစည်းနည်း စသည့် ရှေးဦးပြုစုခြင်း ဘာသာရပ်များအကြောင်း ဟောပြောပို့ချသည်။

 

ယင်းနောက် ပဲခူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်စုစုထွေးက ယခုကဲ့သို့ ရှေးဦးပြုစုခြင်း ဘာသာရပ်များကို အသိပညာ ဖြန့်ဝေပေးသည့်အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ထို့နောက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းသား ကျောင်းသူများအတွက် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်းများ ပါဝင်သည့် First aid kid ကို လက်ဆောင် ပေးအပ်ခဲ့ရာ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.