လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့

 



ပုသိမ် စက်တင်ဘာ  ၈


ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်တာ၏အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခဲ့သဖြင့် တာတမံ အရေးပေါ် ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ် ၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။


အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများကို နေ့လယ်စာ ဒံပေါက်ဘူးများနှင့် Mytel ဆင်းကတ်များ လှူဒါန်းသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့ အမှတ်(၅) ရပ်ကွက်သို့ သွားရောက်၍ ရေပြန်လည်ကျဆင်းမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေပြန်လည် ကျဆင်းလာသဖြင့် ၎င်းတို့၏နေအိမ်များတွင် ပြန်လည်နေထိုင်နေကြသည့် ပြည်သူများကို ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.