ရမည်းသင်းမြို့နယ်၌ အင်တိုင်း-ကင်းရွာ-သပြေပင်-ဆင်တွင်း ကျောင်းကုန်းလမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
ရမည်းသင်း စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၌
အင်တိုင်း-ကင်းရွာ-သပြေပင်-ဆင်တွင်း ကျောင်းကုန်းလမ်းပိုင်း ကျောက်ချောလမ်း ဆောင်ရွက်နေမှုကို
ခရိုင်/မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှု
စစ်ဆေးသည်။
အင်တိုင်း-ကင်းရွာ-သပြေပင်-ဆင်တွင်း
ကျောင်းကုန်းလမ်းပိုင်း လမ်းအရှည် (၀/၄)မိုင် ကျောက်ချော လမ်းခင်းခြင်းကို တိုင်းဒေသကြီး
ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၄၂ ဒသမ ၄၈၀ သန်းဖြင့် ရွှေယှန်ဦးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး
(မြို့ပြ)နှင့် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)တို့က
လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သတ်မှတ်အတိုင်းအတာ၊ အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့်
သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments