အလှူငွေများ လှူဒါန်းပွဲနှင့် ပလတ်စတစ်ကြိုးပြားဖြင့် ခြင်း‌‌တောင်းထိုးနည်း သင်တန်းဖွင့်

 


ရွှေပြည်သာ စက်တင်ဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့က ရွှေပြည်သာမြို့နယ် ပြန်လည် ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ (ရန်ကုန်)သို့ အလှူငွေများ၊ တစ်ကိုယ်ရေသုံးပစ္စည်းများ လှူဒါန်းပွဲနှင့် ပလတ်စတစ်ကြိုးပြားဖြင့် ခြင်း‌‌တောင်းထိုးနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ကြည့်ရှုအားပေး

လှူဒါန်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေးဦးစီးဌာန ယာယီလက်ခံ စောင့်ရှောက်ရေး ဂေဟာ(ရန်ကုန်) တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးထံ အလှူငွေကျပ် သုံးသိန်းနှင့် စားသောက်ကုန်နှင့် တစ်ကိုယ်ရေ သုံးပစ္စည်းများ ပေးအပ်သည်။

 

သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူကုန်ကူးခံရသည့် အမျိုးသမီးငယ် ရှစ်ဦးအား ပလတ်စတစ်ကြိုးပြားဖြင့် ခြင်းတောင်းထိုးနည်း သင်တန်းပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

နေမျိုးထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.