မတ္တရာမြို့နယ်၌ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သော ကျေးရွာများ ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်လျက်ရှိ
မတ္တရာ စက်တင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သော ကျေးရွာများရှိ ဓာတ်အားသုံးစွဲသူများ အမြန်ဆုံးဓာတ်အား ပြန်လည်ရရှိရေးအတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း မတ္တရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများနှင့် ကျွမ်းကျင် ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မတ္တရာမြို့ ဓာတ်အားခွဲရုံမှ ဓာတ်အား ပေးပို့လျက်ရှိသည့် ဝါးရင်းတုတ်ကျေးရွာရှိ ၁၁/၀.၄ ကေဗွီ (၂၀၀)ကေဗွီအေ လျှပ်စစ်ထရန်စဖော်မာတို့ကို လျှပ်စစ်ဓာတ်အားပေးနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသည့်အတွက် စက်တင်ဘာ ၂၁ ရက်က အဆိုပါကျေးရွာရှိ မီးသုံးသူ အိမ်ထောင်စု ၁၁၃ အိမ်သို့ လျှပ်စစ်ဓာတ်အားများ ပြန်လည်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဖြစ်သည်။
မြို့နယ်လျှပ်စစ်မန်နေဂျာရုံးအနေဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေး ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂၁ ရက် အထိ ကျေးရွာပေါင်း ၂၀ တွင် လျှပ်စစ်မီး ပြန်လည်ရရှိပြီ ဖြစ်ကြောင်း သိရသည်။
ရွှေရာသား

No comments