ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြော

 


မြိတ် စက်တင်ဘာ ၂၂

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်သစ်တောဦးစီးဌာနက ဒီရေတောထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြိတ်မြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မြိတ်မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက ဒီရေတောထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ ဒီရေတောသစ်ပင်များမှရရှိသော သွယ်ဝိုက်အကျိုးကျေးဇူးများနှင့် တိုက်ရိုက်အကျိုးကျေးဇူးများအကြောင်းကို ဟောပြောပြီး တောအုပ်ကြီး ဦးခင်မောင်ဆန်းက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်း လုပ်ငန်းစဉ်များကို ဟောပြောသည်။

 

ထို့နောက် တက်​ရောက်လာကြသည့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)

No comments

Powered by Blogger.