မြန်အောင်မြို့နယ်၌ ကျန်းမာရေးမှူး(၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ




 မြန်အောင် စက်တင်ဘာ ၁၄


ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အခြေစိုက် ကျန်းမာရေးမှူး(၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြန်အောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်း‌အဝေး ခန်းမ၌ ကျင်းပသည်။


သင်တန်းသို့ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာနှင့် ဟင်္သာတမြို့နယ်တို့မှ ကျန်းမာရေးမှူး(၄) သင်တန်းဝင်ခွင့်ရရှိသူ သင်တန်းသား သင်တန်းသူ ၆၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ခြောက်လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။  


 ဝင်းဗိုလ်(ပြန်/ဆက်)

No comments

Powered by Blogger.