သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် စီမံကိန်းဆောင်ရွက်

 


ကန်ကြီးထောင့် စက်တင်ဘာ ၁၄

 

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်၌ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် စီမံကိန်းဆောင်ရွက်မည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကွင်းယားအရှေ့ကျေးရွာ ရွှေကွင်းသာယာခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က အမှာစကား‌ပြောကြားသည်။ ထို့နောက် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိက သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေးစနစ် စီမံကိန်း ရည်ရွယ်ချက်၊ အခြေခံမူများ၊ ဆောင်ရွက်နိုင်သည့် နည်းလမ်းသုံးမျိုးနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.