မူဆယ်ခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ
မူဆယ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ
ဖလား အသက်(၁၈)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားကို ယမန်နေ့
ညနေ ၄ နာရီ က မူဆယ်မြို့ ပြည်ထောင်စု အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အားကစားနှင့်
ကာယပညာကော်မတီဥက္ကဋ္ဌက မိန့်ခွန်းပြောကြားကာ ပိတ်ပွဲအခမ်းအနားကို မီးရှူးမီးပန်းများ ပစ်ဖောက်ဂုဏ်ပြုပေးခဲ့ပြီး စစ်ကြောင်းမှူးနှင့် အလံကိုင်အဖွဲ့များက ဦးဆောင်ကာ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ ဖူဆယ်ပြိုင်ပွဲတွင် အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ တတိယဆု၊
ဒုတိယဆု၊ ပထမဆုနှင့် ဒိုင်းဆုများကို ချီးမြှင့်ပေးအပ်ပြီး ဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး ဂိုးသမားဆု၊ အကောင်းဆုံး
နောက်တန်းဆု၊ အကောင်းဆုံး အလယ်တန်းဆု၊ အကောင်းဆုံးရှေ့တန်းဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊
အသန့်ရှင်းဆုံး အသင်းဆု၊ တတိယဆုကျပ်သိန်း ၂၀ နှင့် ဒုတိယဆု ကျပ်သိန်း ၄၀ တို့ကို တာဝန်ရှိသူများက
ချီးမြှင့်ပေးအပ်ပြီး ပထမဆုကျပ်သိန်း
၆၀ နှင့် ချန်ပီယံဆုဖလားကို ခရိုင်အားကစားနှင့် ကာယပညာကော်မတီ
ဥက္ကဋ္ဌ ဦးစန်းမင်းက
ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments